ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှု

စစ်တွေ  ဇွန်  ၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင်  ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းက စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြား နေမှုအား ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ‌ အောင်ကျော်မင်းသည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ လှည့်လည်ကြည့်ရှုကြသည်။

ရှေ့ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျေးပင်ကြီးရပ် ကွက်ရှိ အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ပညာ သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  ကျောင်းအတွင်းလှည့်လည် ကြည့်ရှုကြပြီး ကလေးများ အတွက် ကစားကွင်းများပြုလုပ်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး  ဆောင်ရွက် ရန်အတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၁၅) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ကျောင်းအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကြသည်။ ယင်းနောက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့ ဘောလုံးကွင်း ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ထိုသို့ ကျောင်းများ စတင် ဖွင့်လှစ် သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုစဉ် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပညာသင်ကြားရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးတို့ကို လိုက်နာဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)