မဘိမ်းမြို့၌ ၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

မဘိမ်း ဇွန် ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ယနေ့တွင် စတင်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

စာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များအတိုင်း ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများနှင့် Face Shield များ တပ်ဆင်စေခြင်း၊ လက်ဆေးခြင်းများ ပြုလုပ်ပြီးနောက် ကျောင်းသို့စနစ်တကျ တန်းစီပြီး အတန်းလိုက်ဝင်ရောက်စေကာ၊ စာသင်ခန်းအတွင်း၌လည်း တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးတွင်ထိုင်စေကာ ပညာသင်ကြားပေးလျက်ရှိသည်။

အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်း၏ ကြီးကြပ်မှုဖြင့် စစ်ဘက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောင်းသားမိဘကော်မတီဝင်များပါဝင်သော အဖွဲ့ များက ကျောင်းဝင်းအတွင်း/အပြင် လုံခြုံရေးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

မျိုးမင်း