မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှ နေရပ်ပြန်မြန်မာနိုင်ငံသားများ ကြိုဆိုလက်ခံမှု အား နှစ်ပတ်ယာယီရပ်ဆိုင်း

 

မြဝတီ ဇွန် ၁

 

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံမှ ကြိုဆိုလက်ခံပေးလျက်ရှိရာ ယနေ့ ဇွန်လ ၁ ရက်နေ့မှစပြီး ကြိုဆိုလက်ခံပေးမှုအား နှစ်ပတ် ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာသည့်အတွက် ယခုကဲ့သို့ ယာယီဆိုင်းငံ့ရခြင်းဖြစ် ကြောင်း မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ထံမှ သိရသည်။

“ ကျွန်တော်တို့ အခုလို ယာယီ နှစ်ပတ်ပိတ်ဖို့ ထိုင်းဖက်ကို ကြိုတင်ပြီး အကြောင်းကြားထားပါတယ်၊ ပိတ်တာ ကလည်း ယာယီပါပဲ၊ ထိုင်းမှာက အခု ကိုဗစ်ပိုးတွေ့ရှိတဲ့သူတွေက များနေတယ်လေ အဲ့တာကြောင့်ပါ” ဟု မြဝတီခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။

 

ယခင်က အဆိုပါ နေရပ်ပြန်မြန်မာနိုင်ငံသားများအား နေ့စဉ်လက်ခံပေးနေရာမှ မေလမှစပြီး တစ်ရက်ခြားလျှင် ၂၀၀ ဦးသာ လက်ခံပေးသည့် စနစ်ဖြင့်ဆောင်ရွက်လျက်ရှိရာမှ ယနေ့တွင် ယာယီ ၂ ပတ်ရပ်နားခဲ့ခြင်းဖြစ်သည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)