ငဖဲမြို့နယ်၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိ

ငဖဲ မေ ၂

 

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိန်သောင်း နှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

 

 

အခြေခံပညာစာသင်ကျောင်းများဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ် -၁၉ ရောဂါကာကွယ် ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လက်ဆေး ဘေစင်များထားရှိခြင်း၊ နှာခေါင်းစည်း (mask)နှင့် မျက်နှာအကာများဝတ်ဆင်၍ ကျောင်းသား ကျောင်းသူများစိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင် ရွက်ထားရှိသည်။

 

ငဖဲမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၃) ကျောင်း၊အလယ်တန်းကျောင်း (၅) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၁) ကျောင်း၊မူလွန် (၁၅) ကျောင်း၊ မူလတန်းကျောင်း (၃၄) ကျောင်း၊ မူလတန်းကျောင်းခွဲ (၁၂) ကျောင်း နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း စုစုပေါင်း (၈၆) ကျောင်းရှိရာ ဇွန်လ ၁ ရက်နေ့တွင်ကျောင်းသားကျောင်းသူ (၂၂၃၈) ဦး တက်ရောက်ပညာသင်ကြား လျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

 

 

မယု (ငဖဲ)