လှိုင် ဇွန် ၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နေလယ်(၁) နာရီက လှိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပခဲ့ကြောင်း သိရှိရ သည်။
အဆိုပါအစည်းအဝေးတွင် လှိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဆက်ပိုင်က စာကြည့်တိုက် များ၏ လိုအပ်ချက်များကို မေးမြန်းခြင်း၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်း စဉ်များကို ဆွေးနွေးခြင်းများ ပြုလုပ်ပြီးနောက် လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သန္တာမေက “သုတမီးအိမ်” စာကြည့်တိုက်မှ တင်ပြလာသည့် စာအုပ်စာစောင် လိုအပ်မှု စားပွဲ၊ ကုလားထိုင် လိုအပ်မှုအခြေအနေများ "စာပေမွေ့သူ" စာကြည့်တိုက်မှ တင်ပြလာသည့် ကုလားထိုင်များနှင့် စာအုပ်စာစောင် လိုအပ်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စာအုပ်စာစောင် ရရှိရေးအတွက် တိုင်းဒေသကြီး စာကြည့်တိုက် ကြီးကြပ်မှု ကော်မတီသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ ကြသည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဆက်ပိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသက်ထွန်းအောင်တို့က လှိုင်မြို့နယ်အတွင်းရှိ စံညီ စာကြည့်တိုက်များ၏ လက်ရှိအခြေအနေများ၊ စာကြည့်တိုက်လုပ်ငန်းများ အောင်မြင်ရန်၊ စာဖတ်သူ တိုးပွားရန် ရှေ့လုပ်ငန်းစဉ်များ၊ တက်ရောက် လာသူများကလည်း ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကို အသေးစိတ် ဆွေးနွေးကြရာ စာကြည့်တိုက် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရှိရသည်။
သန္တာမေ(ပြန်/ဆက်)