မိုင်းပျဉ်း ဇွန် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောက်စျေးတန်းရပ်ကွက် ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဇင်ထက်ဝေ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်လူစီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်ခင်ဝင်းတင့်နှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာရပ်ကျေးစာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အောက် စျေးတန်းရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် (၁၃)ဦးတို့အား စုစုပေါင်းငွေကျပ် (၃၉၀၀၀၀) ကျပ်ကိုအိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက်(၃)ခု၊ တုံတာမြို့ပေါ်ရပ်ကွက်(၃)ခုနှင့်ကျေးရွာအုပ် စု(၁၆)အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၄၈)ဦးအတွက် စုစုပေါင်း ငွေကျပ်(၄၄၄၀၀၀၀)ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်းသိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်