မိတ္ထီလာ ဇွန် ၂
မိတ္ထီလာမြို့ ကန်သာကျေးရွာအုပ်စု စက်မှုဇုံ(အလက)စာသင်ကျောင်းတွင် ယနေ့နံနက် ၂ နာရီ ၅ဝမိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားပြီး စာသင်ဆောင်တစ်ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါစာသင်ကျောင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိ၍ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၆ စီး ရေသယ်ယာဉ်၂ စီး ၊ အုပ်ချုပ်မှုယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် အလက (စက်မှုဇုံ) စာသင်ကျောင်းရှိ စာသင်ဆောင် ၃ ဆောင်အနက်ဘိုးရာဇာ စာသင်ဆောင်တစ်ဆောင် ပျက်စီး ဆုံးရှုံးခဲ့သည်။ ၎င်းစာသင်ဆောင်မှာ ၁ ထပ် ၊ သွပ်မိုး ၊ နံကပ်အမျိုးအစားဖြစ်ပြီး စာသင်ဆောင်ရှိ စာသင်ခန်း ၄ ခန်း ၊ ကျောင်းအုပ်ရုံးခန်း ၁ ခန်း ၊ စာရွက်စာတန်းများ ၊ စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။ အဆိုပါစာသင်ကျောင်းအား ဖျက်ဆီးရန်ကြံရွယ်၍ မီးရှို့ဖျက်ဆီးသူများအား ဖမ်းဆီးအရေးယူနိုင်ရန်တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်