အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားနေမှုအား လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှုအားပေး

လှိုင် ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့ နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ် သင်ကြားနေမှုအား ယမန်နေ့ နံနက်ပိုင်းက လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းမင်း​အောင်၊ အဖွဲ့ဝင်(၂) ဦးအုန်းမြင့်တို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ ကြောင်း သိရှိရသည်။

လှိုင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်လျက်ရှိရာ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်ကွက် အုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော် ဆောင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး လုံခြုံရေးကိစ္စရပ်များကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ထို့အပြင်​ ကျောင်းအပ်နှံ​ရေး​၊ ကျောင်းသား/​ကျောင်းသူများ ပညာ​ကောင်းစွာ သင်ကြားနိုင်ရေး၊ ကိုဗစ်-၁၉​ ရောဂါကာကွယ်​ရေး၊​ ကျောင်းအတွင်းအပြင် လုံခြုံ​ရေး​ဆိုင်ရာ​ဆောင်ရွက်မှုများအား ကျောင်းအုပ် ကြီးများနှင့်​ တွေ့ဆုံ​ဆွေး​နွေးခဲ့ကြ​ကြောင်း သတင်းရရှိသည်။

သန္တာ​မေ(ပြန်/ဆက်)