မောင်တော ဇွန် ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် မီးသတ်တပ်ဖွဲ့ဝင် များက စုပေါင်းသန့်ရှင်းရေး ပြုလုပ် ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က မြို့မ မြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာမူလတန်းလွန်ကျောင်း တွင် ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးစီး၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ ဝင်များက ကျောင်း သား/သူ များ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရေး နှင့် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး အတွက် မြို့မမြောက်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံ ပညာမူ လတန်းလွန်ကျောင်းဝင်းအတွင်းရှိ မြက်ပင် ၊ ပေါင်ပင် ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်း၍ စုပေါင်း သန့်ရှင်းရေး ပြု လုပ်ခဲ့ ကြ ကြောင်း သိရသည်။
သက်လွင်စိုး