ပန်းတောင်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကျွဲ၊ နွား မွေးမြူထုတ်လုပ်မှု သင်တန်းတွင် သင်တန်းသား ၁၅ ဦး တတ်ရောက်ပြီး သင်တန်းကာလမှာ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။
သင်းသင်းအေး(ပြန်/ဆက်)