ပေါင်းတည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက် ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆရာ/ဆရာမများက ကျောင်းဝင်ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း တို့ကို ပြုလုပ်ပေးပြီး သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုပေးလျက်ရှိကြောင်း သိရ သည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အားလုံး၌ ဆရာ/ဆရာမများ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ကျောင်းအုပ်ဆရာ/ဆရာမများ မိဘဆရာအသင်းဝင်များ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)