မြောင်းမြ၌ မိုးစပါးပျိုးစာရိတ် ချေးငွေများ ထုတ်ချေးလျက်ရှိ

မြောင်းမြ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးသူ တောင်သူ လယ်သမားများအတွက် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စိုက်ပျိုးစရိတ် ချေးငွေအနေဖြင့် တစ်ဧကလျှင်(၁၅၀၀၀၀)နှုန်း ထုတ်ပေးလျက်ရှိပြီး မြောင်းမြ မြို့နယ်အတွင်းရှိ ကညင်ဂဲကျေးရွာမှ တောင်သူလယ်သမား(၁၁၀)ဦး၊ ကွယ်လွယ်ကျေးရွာမှ တောင်သူ လယ်သမား(၁၃)ဦး စုစုပေါင်း(၁၂၃)ဦးအတွက် ချေးငွေပေါင်း (၁၂၇၆.၅၀)သိန်းကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့တွင် ဝါးခယ်မမြို့နယ် လယ်ယာဖွံ့ဖြိုးရေး ဘဏ်၌လည်း လယ်ယာ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ (၃.၆.၂၀၂၁)ရက်နေ့တွင် အိမ်မဲမြို့နယ်၌ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြောင်းမြခရိုင် လယ်ယာဖွံ့ဖြိုးရေး ဘဏ်မန်နေဂျာ ဦးစန်းလွင် ၏ ပြောကြားချက်အရ သိရသည်။

စန္ဒာကြည်(ပြန်/ဆက်)