မြောင်းမြမြို့၌ အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပ

မြောင်းမြ ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စကြာသီဟ၊ စကြာနန္ဒဘုရားဝန်းအတွင်းရှိ ထွန်းညွန့်ရတနာစံ ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲကို ဇွန် ၁ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီးအစိုးရ ဓမ္မာစရိယစာမေးပွဲတွင် ရဟန်း(၆၇)ပါး၊ သာမဏေ(၃)ပါး၊ သီလရှင်(၂)ပါး၊ စုစုပေါင်း(၇၂)ပါးစာရင်းပေး ဝင်ရောက်ဖြေဆိုတော်မူကြမည်ဖြစ်ရာ  ယနေ့ ပထမနေ့တွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၄၀)ပါး ဖြေဆိုတော်မူကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ  သိရသည်။

ကေခိုင်စိုး(မြောင်းမြ)