ပုလော ဇွန် ၂ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများကို ယမန်နေ့ နေ့လည် ၂ နာရီက ပုလောမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပုလောမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ ဆရာ၀န်ကြီး ဒေါက်တာပြုံးချိုနှင့် သူနာပြုများက ဧပြီလ ၂၀ ရက်နေ့က ပထမအကြိမ် ထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူနှင့် ကျန်းမာရေး ၀န်ထမ်းမိသားစု (၆၀) ဦးကို ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ အေးအေးမော်