ပလောက် ဇွန်လ ၂ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှညနေ ( ၄ ) နာရီအထိ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေသီလာရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ၎င်းကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပလောက်မြို့အတွင်းရှိ သံဃာတော်များ၊ ၀န်ထမ်းများ၊ ၀န်ထမ်းမိသားစု၀င်များနှင့် ရပ်ကွက်ပြည်သူလူထုများအား ပထမအသုတ်ထိုးနှံပြီးသူ (၉၈၅)ဦး၊ ဒုတိယအသုတ်ထိုးနှံပြီးသူ (၉၇၉)ဦး၊ တတိယအသုတ်ထိုးနှံသူ (၁၁၀)ဦး စုစုပေါင်း(၂၀၇၄)ဦး ထိုးနှံပေးနိုင်ခဲ့ကြောင်းသိရသည်။ နှင်းမြူလွင်