ကလိန်အောင် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် (၈) နာရီက ကလိန်အောင်မြို့ လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် ရေး-ထားဝယ် ကားလမ်းမပေါ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေ ပေးခြင်းကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိ လိုက်နာနိုင်ရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း Mask အခု (၂၀၀) ကို အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကလိန်အောင် (ပြန်/ဆက်)