ဒေါပုံ ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများသို့ ကျောင်းသား/သူများ လာရောက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆရာ/ဆရာမ များက ကျောင်းဝင်ပေါက်၌ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းနှင့်မျက်နှာအကာ များ တပ်ဆင်ပေးခြင်း လက်သန့်ဆေးရည်များဖြင့် လက်ဆေးပေးခြင်း တို့ကို ပြုလုပ်ပေးပြီးမှသာ သက်ဆိုင်ရာ စာသင်ခန်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
ဒေါပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆရာ/ဆရာမ များ ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ နယ်မြေခံတပ်မှတပ်ဖွဲဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ကျောင်းအုပ်ဆရာ/ဆရာမများ ၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်