မြောက်ဥက္ကလာပ ဇွန် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံကျောင်းများအားလုံး စတင်ဖွင့်လှစ်ပြီး သက်ဆိုင်ရာ အတန်းအလိုက် ဘာသာရပ်များကို စတင်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၁၂)ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၄၄) ကျောင်း စုစုပေါင်း(၆၃) ကျောင်းရှိပြီး မြောက်ဥက္ကလာပ မြို့နယ်တွင် မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံသူ(၁၁၉၁၅)ဦးရှိပြီးအပ်နှံပြီး ကျောင်းသား/ကျောင်းသူများမှ သက်ဆိုင်ရာ ကျောင်းများတွင် အတန်းအလိုက် ဘာသာရပ်များကို စတင်သင်ကြားပေးလျက်ရှိပြီဖြစ်ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)