မြိုင် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း-ခွဲ (၃၁ )ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၁၅) ကျောင်း၊ အခြေခံပညာအလယ်တန်း-ခွဲ (၁၀)ကျောင်း၊ မူလတန်း လွန်ကျောင်း (၁၈) ကျောင်း၊ မူလတန်းကျောင်း(၂၅) ကျောင်း၊ မူလတန်းကျောင်း-ခွဲ(၁)ကျောင်း စုစုပေါင်း(၁၁၂)ကျောင်း ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျောင်းဝန်းအဝင်တွင် လက်ဆေး ဘေစင်ထားရှိခြင်း၊ နှားခေါင်းစည်း(Mask)နှင့် face shield များတပ်ဆင်၍ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
သူရ(ပုံတောင်)