မြောက်ဦး ဇွန် ၂
အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊မြောက်ဦး ခရိုင်၊ မြောက်ဦးမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါအခမ်းအနားသို့ မြောက်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြောက်ဦးမြို့နယ်၊အလယ်ဈေးရပ်ကွက်မှ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က အဖွင့်အမှာစကား ပြောကြား ပြီးနောက် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်များနှင့် ကျေးရွာများအလိုက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်း ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုတင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးစီးခဲ့သော အလယ်ဈေးရပ်ကွက်နေ ပြည်သူ များ၏ အိမ်ထောင်စု လူဦးရေစာရင်း(၁၂)စုနှင့်နိုင်ငံသားစီစစ် ရေးကတ်ပြား(၃၆) ကတ်ပေးအပ်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူးတို့မှ ရပ်ကွက်နေ ပြည်သူ တစ်ဦးချင်းစီအားပေးအပ်ခဲ့ပြီး ကျန်ရှိ နေသေးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံ သား စီစစ်ရေးကတ်ပြားများကို ရပ်ကွက် နေပြည် သူများကိုယ်စား အလယ်ဈေးရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးတင်ဝင်းလှိုင်ထံ လက်ဝယ်အ ရောက်ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း