မြောက်ဦး ဇွန် ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ် လျက်ရှိရာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ အခြေခံပညာမူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်းများသို့ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာလမ်းညွှန် ချက်များနှင့်အညီ သင်ကြားပြသနေမှု အခြေအနေအား သွားရောက် ကြည့်ရှု ခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာလမ်းညွှန်ချက်၊ ထုတ်ပြန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူ များကို ကျောင်းဝင်း အတွင်းသို့မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ဆပ်ပြာ (သို့မဟုတ်) လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး သတ် မှတ်အကွာ အဝေးနေရာများစီစဉ်ထားရှိခြင်း၊ နှာခေါင်း စည်း (Mask)များနှင့် မျက်နှာဖုံးအကာ (Face Sheild) များတပ်ဆင်စေပြီးမှ ဆရာ၊ ဆရာမများမှ သင်ခန်းစာ ဘာသာရပ်များအားသင် ကြားပို့ချပြသပေးခြင်း အစရှိသည့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများဖြင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်းများ သင်ကြားပြသနေမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။
ခင်မောင်ထွန်း