တနင်္သာရီမြို့နယ်အတွင်း(၂၀၂၁-၂၀၂၂)ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်

 

တနင်္သာရီ-ဇွန်လ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွက် အခြေခံ ပညာကျောင်း များအား ဇွန်လ ၁ရက်နေ့ နံနက်၇နာရီ၃၀အချိန်မှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်နှင့်အညီ ဖွင့်လှစ်ကြောင်းသိရှိရသည်။

ယနေ့ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့ရက်တွင် အခြေခံပညာကျောင်းများဖွင့်ထားရှိမှု အခြေအနေမှာ  အထက် တန်းကျောင်း(၁၄) ကျောင်းရှိသည့် အနက် (၁၃)ကျောင်း၊  အလယ်တန်းကျောင်း(၂၂)ကျောင်းရှိသည့်အနက် (၁၇) ကျောင်း မူလတန်း(လွန်) ကျောင်း(၁၆) ကျောင်းရှိသည့်  အနက်(၁၁)ကျောင်း၊ မူလတန်းကျောင်း (၈၈)ကျောင်း ရှိသည့် အနက်(၄၃)ကျောင်း၊ /ကကျောင်း ()ကျောင်း ရှိပြီး ဖွင်လှစ် မှု(မရှိ) စသဖြင့် အခြေခံ ပညာကျောင်း စုစုပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် (၈၅)ကျောင်းကိုဖွင့်လှစ်နိုင်ပြီး (၅၆)ကျောင်းမှာ ဖွင့်လှစ် နိုင်ခြင်း မရှိသေး ကြောင်း၊  ယနေ့အထိ ဤမြို့နယ်အတွင်း အခြေခံပညာဦးစီးဌာန သင်ကြားရေးဆရာ/မများသတင်းပို့ မှု အခြေ အနေမှာ အထက် တန်းပြ ဆရာ/ စာရင်းရှိ(၉၁)ဦးရှိသည့်အနက်(၄၈)ဦး၊ အလယ်တန်းပြ စာရင်းရှိ(၃၂၂) ဦးရှိသည့် အနက် (၁၉၆)ဦး၊ မူလတန်းပြဆရာ/ စာရင်းရှိ (၅၉၆)ဦး ရှိသည့်အနက်မှ (၃၁၁)ဦး အလက်တန်းပြ/အလယ် တန်းပြ/ မူလတန်းပြဆရာ/ဆရာမစုစုပေါင်းစာရင်းရှိ(၁၀၀၉) ဦးရှိပြီး (၅၅၅)ဦးမှာ သင်ကြားရေး အတွက် သတင်း ပို့ လျက် ရှိပြီး (၄၅၄)ဦးမှာ ပျက်ကွက်လျက်ရှိနေ သေးကြောင်း တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာ ကျောင်း များရှိ ကျောင်းသူ/သားများ ကျောင်းတက် ရောက်မှုစာရင်းမှာ အထက်တန်း အဆင့်တွင်(၄၀၉)ဦး၊ အလယ်တန်း အဆင့်၌(၁၈၆၈)ဦး၊ မူလတန်း အဆင့်တွင်(၇၁၆)ဦး စုစုပေါင်း ကျောင်းတက် ရောက်နေသည့် ကျောင်းသူ/သား စာရင်းမှာ(၆၂၇၅) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရှိရသည်။

လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်အရ  KG အတန်းမှ တက္ကသိုလ် ဝင်တန်း အထိ ကျောင်း သူ/ကျောင်းများကို နံနက်၇နာရီ၃၀မှ ၁၁နာရီ၃၀အချိန် အထိ ပထမအသုတ်၊ မွန်းလွှဲ ၁၂နာရီ ၃၀ မှ ညနေ ၄နာရီ ၁၅ အထိ ဒုတိယအသုတ်ဖြစ်၊ စာသင်ခန်း တစ်ခန်းလျှင် ကျောင်း သူ/ကျောင်း သား(၂၅)စီဖြင့် နေ့စဉ်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့်ညီ အပူချိန် တိုင်းခြင်း၊ စနစ်တကျလက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာ ခေါင်းစည်း(Mask)တပ်ဆင်၍ သင်ကြားရေး ဆောင်ရွက် မည်ဖြစ် ကြောင်း သိရှိရသည်။

ယင်းသို့ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်စဉ် ကျောင်းသူ/သားများကျောင်းတက်နေ မှုနှင့်မြို့နယ် ရဲတပ် ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်  အုပ်ချုပ်ရေးမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းပေး ကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)