လင်းခေး ဇွန် ၂
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် ပထမအကြိမ် COVID-19 ကာကွယ်ဆေးထိုးနှံထားပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသနေပြည်သူများအား ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနရှိ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ တာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံကြသူ စုစုပေါင်း(၇၂)ဦးရှိပြီး လင်းခေးမြို့နယ်အတွင်း ၎င်းကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပေးနိုင်ခဲ့ပြီးသူ နိုင်ငံ့ဝန်ထမ်းများ၊ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များနှင့် ဒေသနေပြည်သူလူထု စုစုပေါင်း(၃၄၈၂)ဦးရှိခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေး)