ချောက်မြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်

ချောက် ဇွန်၂

မကွေးတိုင်းဒသကြီး၊မကွေးခရိုင်၊ချောက်မြိုနယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)  ခန်းမ၌ ယနေ့ နံနက်(၁၁)နာရီက ဝန်ထမ်းများ အနေဖြင့် စာဖတ်သည့်အလေ့အထများရရှိရန်နှင့် စာဖတ်ခြင်းဖြင့် လုပ်ငန်းခွင် အတွင်း ကျွမ်းကျင်မှု ရှိစေပြီး လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားစေရေး ရည်ရွယ်ပြီး  ဝန်ထမ်းများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကိုကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာချောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ(Standrd Operating Procedure (SOP) စာအုပ်ပါ ခွင့်အမျိုးအစားများနှင့် ခွင့်တင်ပြ တောင်းခံရာတွင် လိုက်နာရမည့် အချက်များ၊ ပင်စင်အမျိုးအစားများနှင့် ပင်စင်ခံစားခွင့် တင်ပြရာတွင်လိုက်နာ ဆောင်ရွက်ရမည့် အချက်များအားရှင်းလင်းဆွေးနွေးပြီး ၊ဦးညီဝင်းသူက နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ ဝန်ထမ်းများ လိုက်နာရမည့် တာဝန် (၁၂)ရပ်နှင့် ဝန်ထမ်းစည်းကမ်းဆိုင်ရာများအား လည်းကောင်း၊ ဦးကျော်ကျော်မိုး မှလည်း သတင်းရေးသား ထုတ်ပြန်ခြင်း သင်ခန်းစာမှတ်စုစာအုပ်မှ သတင်းရေးသားရာတွင် သတိပြုရမည့် အချက်များ၊ သတင်းတန်ဖိုးရှိမရှိဆုံးဖြတ်ရာတွင် နှိုင်းယှဥ်ရမည့်အချက်များ၊ သတင်း သမားများလိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ စသည့်များကို ဆွေးနွေးခဲ့ကြရာ ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးမေးမြန်းခဲ့ကြသည်။

 

ထိုသို့ စာဖတ်ဝိုင်းများကျင်းပ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာ အထောက်အကူဖြစ်စေကာ ဝန်ထမ်းများလုပ်ငန်း စွမ်းဆောင် ရည်မြှင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေပြီး စာဖတ်ဝိုင်းအား အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မချို(ချောက်)