ကြို့ပင်ကောက်မြို့တွင် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများကျင်းပလျှက်ရှိ

 

ကြို့ပင်ကောက် ဇွန်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တိုက်ကျောင်း ပါဠိတက္ကသိုလ်တွင် ၂၀၂၁ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲများ၊ ဓမ္မာစရိယစာမေးပွဲများ၊ နိကာယ်ငါးရပ်ပါဠိတော်စာမေးပွဲများကို ဇွန်လ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် ဇွန်လ ရက်နေ့တွင် စာဖြေသံဃာများ အစိုးရ ဓမ္မာစရိယ စာမေးပွဲများကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲ ဒုတိယနေ့တွင် စာဖြေသံဃာတော် (၈၉)ပါး၊ သာမဏေ ()ပါးနှင့် သီလရှင်(၃၄)ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးဆရာတော်()ပါးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန်လ ()ရက်နေ့မှ () ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာစာ ဂုဏ်ထူး၊ ပါဠိဂုဏ်ထူး ဘာသာ ရပ်များကို()ရက်နေ့မှ()ရက်နေ့အထိလည်းကောင်း ပါဠိပထမပြန် စာမေးပွဲများ ကို ဇွန်လ() ရက်နေ့မှ (၁၃) ရက်န့အထိ မူလတန်း၊ ပထမ ငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေး ပွဲများကို ဆက်လက်ကျင်းပဖြေဆိုသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)