ကျိုင်းတုံမြို့တွင်  ဒေသဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျိုင်းတုံ    ဇွန်   ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်  ၁၀ နာရီက ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်အတွင်း ဌာနဆိုင်ရာများအလိုက် စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည် အသွေးပြည့်မီစွာ ပြီးစီးရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာများ၊ မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ပြန်လည်ပြုလုပ်နိုင် ရေး၊ သဘာဝဘေးအန္တရာယ်အား ဒေသအလိုက်၊ ဌာနအလိုက် ကြိုတင်ကာကွယ်ဆောင်ရွက်ရေး ဆိုင်ရာများ၊ မိုးရာသီ လမ်းဘေးဝဲ/ယာ သစ်ပင်စိုက်ပျိုးနိုင်ရေး၊ မိုးတွင်းကာလ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရေးတို့ကို အမှာစကားပြေားကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လုပ်ငန်းများဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးအသီးဆွေးနွေးတင်ပြကြ ရာ တင်ပြဆွေးနွေးချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌက လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)