ကော့ကရိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဗဟို)မှ လက်ဆေးဘေစင်များ လှူဒါန်း

ကော့ကရိတ် ဇွန် ၂

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ လက်ဆေးစေခြင်းဖြင့်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ ပေးပို့သော စတီးလက်ဆေးဘေစင်များကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က  ကော့ကရိတ် ခရိုင်/မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ တာဝန်ရှိသူများက စနစ်တကျ ပြန်လည်ဖြန့်ဝေလှူဒါန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ဖြန့်ဝေလှူဒါန်းရာတွင် ကော့ကရိတ်ခရိုင် ကြက်ခြေနီအသင်းကြီးကြပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ ပေးပို့သော စတီးလက်ဆေးဘေစင်များကို ကော့ကရိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အထက (၁)၊ အထက (၂)နှင့် အထက (ချောင်းတောင်) ကျောင်းများအတွက် ကျောင်းတစ်ကျောင်းလျှင် လက်ဆေးဘေစင် တစ်စင်နှုန်းဖြင့် စုစုပေါင်း လက်ဆေးဘေစင် (၃)စင်ကို သွားရောက်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)