မကွေးမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

မကွေး ဇွန် ၂

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မဟာဝိသုတာရာမ (တောင်စာသင်တိုက်)တွင် ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

မကွေးမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ ပါရာဇိကကဏ္ဍပါဠိအဌကထာကျမ်း ကျမ်း၊ သီလက္ခန္ဓပါဠိကျမ်၊ အဌသာလိနီပါဠိကျမ်း၊ မြန်မာစာဂုဏ်ထူးတန်း ဘာသာရပ်များကို ဇွန်လ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး ဖြေဆိုသည့်ရဟန်းသံဃာပေါင်း (၁၀၀) ပါး၊ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုသည့် ရဟန်းသံဃာပေါင်း (၅၃၅) ပါး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ် ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေသံဃာတော်များအား လက်သန့်ဆေးရည်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်း(Mask)များ လှူဒါန်းခြင်း၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီတို့မှ ဆွမ်း၊ အချိုရည် များနေ့စဉ်ဆပ်ကပ်လှူဒါန်းပြီး ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာတိုင်းရင်းဆေး ဦးစီးဌာနတို့မှ ယာယီဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အောင်အောင်