ရန်ကုန် ဇွန် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို မေလ ပထမပတ်မှှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ (၆၉၄၃၄) ဦးရှိ ကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်များ ပြုလုပ်ရန်ကျန်ရှိသူ (၄၃၇၅) ဦးအား စိစစ်ရေး ကတ်များ ထုတ်ပေးခြင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အခြေချနေထိုင်သူများအား ရပ်ကွက်အလိုက် စာရင်းကောက်ယူ၍ မူလ ဒေသများနှင့် ဆက်သွယ်စိစစ်၍ မှန်ကန်သော အိမ်ထောင်စုများအား မူလမြို့နယ် စာရင်းမှလျော့ချ၍ အိမ်ထောင်စုဇယားများ ထုတ်ပေးခြင်း၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင် ထံမှသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်သို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၂၀၂၁ ခုနှစ် မေလ ပထမပတ်မှစ၍ ၁၈ လ အချိန်ယူပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းသိရ သည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)