ခမောက်ကြီးမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေနှာခေါင်းစည်းတပ်ဆင်ကြရေး Mask Compaign လုပ်ငန်း အရှိန်အဟုန်မြင့်ဆောင်ရွက်

 

ခမောက်ကြီး၊ဇွန်

ကိုဗစ်- ၁၉ရောဂါ   ကူးစက်ပြန့်ပွားမှု     ပြန်လည်ဖြစ်ပေါ်နေမှုကြောင့် ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ် နိုင်ရေး အတွက်    ပါးစပ်နှာခေါင်းစည်း   Mask များ  လိုက်လံဝေငှ၍ အသိပေးဆောင်ရွက်သည့်  Mask Compaign လှုပ်ရှားမှု တစ်ရပ်ကို ခမောက်ကြီးမြို့တွင်ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြ သည်။

သို့ဖြစ်ပါ၍    ခမောက်ကြီးမြို့    မြို့အုပ်ချုပ်ရေးမှုးနှင့်    ဌာနဆိုင်ရာ  အဖွဲ့အစည်းတို့ပူးပေါင်းကာ ခမောက်ကြီးမြို့ စည်ပင် သာယာစျေး၊ ယာဉ်ငယ် များ ရပ်နားဆောင်နှင့်   ပြည်ထောင်စုလမ်းမကြီးတို့တွင်  နှာခေါင်းစည်း Mask ဝေငှပေးခဲ့ပြီး   မြို့နေပြည်သူများအနေဖြင့်    လမ်းထွက်သွားလာပါ ကမဖြစ်မနေ  နှာခေါင်းစည်း တပ်ဆင်ကြရန်နှင့်   ကျန်းမာရေးဆိုင်ရာ    စည်းကမ်းများ         လိုက်နာကြရန်ကိုလည်း  အသိပေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)