ဖျာပုံ ဇွန် ၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်း ဦးဆောင်သော တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ အမာမြို့၊ ဒါ်ညိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာ၊ အေးကုန်း ကျေးရွာနှင့် အောင်လှိုင်ကျေးရွာတို့တွင် (၂၈-၅-၂၀၂၁) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပျက်စီးမှုအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
အဆိုပါ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်ရာတွင် ဖျာပုံခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမော်နိုင်ထွန်း၊ ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ သရက်ပင်ဆိပ်ကျေးရွာ၊ အေးကုန်းကျေးရွာနှင့် အောင်လှိုင်ကျေးရွာတို့တွင် (၂၈-၅-၂၀၂၁)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော မိုးသက်လေပြင်းဘေးကြောင့် သရက်ပင်ဆိပ်ကျေးရွာတွင် ပြိုကျနေအိမ် (၂)လုံး၊ တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ်(၂၀)လုံးနှင့် အောင်လှိုင်ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆) လုံး၊ အေးကုန်း ကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၁၅)လုံး၊ စုစုပေါင်းနေအိမ်(၄၃)လုံးနှင့် လူဦးရေ(၁၆၅)ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ(၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၂၅၀၀ဝဝိ/-)၊ ဆန်ရိက္ခာ (၇)ရက်စာ (၃၄၆၅ဝဝိ/-)၊ စုစုပေါင်း (၂၅၉၆၅ဝဝိ/-)အားလေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ငွေနှင် ကယ်ဆယ်ရေး ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။