ရန်ကင်း ဇွန် ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်းမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ကျင်းပရာ ကျမ်းရင်းပါရာဇိကကဏ္ဍ ပါဠိအဋ္ဌကထာ (၂) ဘာသာရပ်အား ယနေ့မွန်းတည့် ၁၂ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ သံဃာတော် အပါး(၂၃၅)ပါး ရှိရာမှ ဝင်ရောက်ဖြေဆိုသူသံဃာတော် (၁၄၆) ပါး၊ သီလရှင်စာရင်းရှိ(၁၁)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသူ (၁၀)ပါးရှိ ကြောင်းသိရသည်။
ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ၂၀၂၀ပြည့်နှစ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ကိုဗစ်- ၁၉ရောဂါကူး စက်ပြန့်ပွားမှု လျော့နည်းလာသည့်အတွက် ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)