မြို့သစ် ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ အသက် ၆၅နှစ်အထက် သက်ကြီး ဘိုးဘွားများနှင့် လူမှုရေးအသင်းအဖွဲ့များ ၊ ပြည်သူများအား ယနေ့နံနက် ၉နာရီမှစ၍ ကိုရံတောင် ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြား ချက် များအတိုင်း ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအ ဖွဲ့ဝန်ထမ်းများပူးပေါင်းကာ သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်တိုင်းပေးခြင်း ၊ အပူချိန်တိုင်း ကရိယာများဖြင့် အပူချိန် တိုင်းတာ ပေးခြင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စနစ်တ ကျဆောင်ရွက်ပေးပြီးမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြသည်။ ယနေ့ကာ ကွယ်ဆေးထိုးနှံရာ၌ အသက် ၆၅နှစ်အထက် ဘိုးဘွားများနှင့်လူမှုရေးအသင်းများမှပြည်သူ(၃၁၂)ဦး တို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီး ဌာန တာဝန်ရှိသူထံမှ သိရသည်။
ကိုဇော်