မော်လမြိုင်ကျွန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုပွဲကျင်းပ

မော်လမြိုင်ကျွန်း ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်သံဃနာယကရုံးခန်းမတွင် ၂၀၂၁ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆို လျက်ရှိသည်။

အဆိုပါ စာမေးပွဲကို ဇွန် ၁ ရက်မှစတင်ကာ နေ့စဉ် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဖြေဆို သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ စာဖြေသံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ အပါအဝင် စုစုပေါင်း(၁၄၈)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည်။

အလားတူ ပါဠိပထမပြန်စာမေးပွဲ (အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း) စာမေးပွဲများကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်ရှိ စာမေးပွဲဖြေဆိုနေသော စာဖြေသံဃာတော်များအား ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များမှ အာရုံဆွမ်း၊ နေ့ဆွမ်း၊ အချိုရည်များနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား နေ့စဉ်လှူဒါန်း ဆပ်ကပ် လျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)