ကျောက်မဲမြို့နယ်တွင် အဆင့်မြှင့်စက်ချုပ်သင်တန်းဖွင့်လှစ်

ကျောက်မဲ ဇွန် ၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတွင်  ယမန်နေ့ ဇွန်လ ၁ ရက်နေ့မှစ၍ ၂၀၂၀-၂၀၂၁  ဘဏ္ဍာ​ရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်စက်ချုပ်သင်တန်းကို  အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကျောက်မဲခရိုင်၊ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောမြင့်ထွန်းက တက်ရောက်ဖွင့်လှစ်‌ပေးခဲ့ပြီး ကျေးရွာ ၁၄ ရွာမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းကာလမှာ ဇွန် ၁ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ  တစ်လဖြစ်‌ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ကျေးလက်ဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၊ ဒီဇင်ဘာလတွင် မိတ်ကပ် အလှပြင်သင်တန်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လာမည့်ဇူလိုင်လ ၁ ရက်နေ့တွင် ပန်းကြယ်သီး ထိုးနည်း သင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)