မိုင်းပျဉ်း ဇွန် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ပညာသင်ကြားနေမှု အခြေအနေများအား ယမန်နေ့နံနက် (၉)နာရီခွဲ က တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းပျဉ်းမြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အထက(မိုင်းပျဉ်း)၊ အထက-ခွဲ (မိုင်းပျဉ်း)နှင့် အမက ကျောင်းတို့တွင် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများဖွင့်လှစ်နေမှု အခြေအနေများ၊ ကျောင်းသား/သူများ ပညာသင်ကြားနေမှုအခြေအနေများ၊ ကျောင်းများသန့်ရှင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ဆရာ/မများနှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် အမှတ်-၂ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇောနှင့် တပ်နယ်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် တာဝန်ရှိသူများ စစ်ဆေးခဲ့ကြောင်းသိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)