မတ္တရာ သြဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၂၀-ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက အွန်လိုင်းမှ ထုတ်ပြန်ကြေညာခဲ့ရာ ၁၁၉၉ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် (၅) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၈) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၁) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၂၇) ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၂၃) ဦးတို့မှာ ထူးချွန်စွာအောင်မြင်ခဲ့ကြသည်။ ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၅၆) ဦး၊ သင်္ချာ(၄၂) ဦး၊ ဓာတုဗေဒ(၄၄) ဦး၊ ရူပဗေဒ (၂၁) ဦး၊ ဇီဝဗေဒ (၉၉) ဦး၊ ပထဝီ (၁)ဦး ၊ သမိုင်း (၃) ဦးနှင့် ဘောဂဗေဒ (၆) ဦးရှိကြောင်းသိရပြီး မြို့နယ်ချုပ်အောင်ချက်ရာခိုင်နှုန်းမှာ (၃၂ဒသမ၁၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။
၂၀၁၉-၂၀၂၀ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မတ္တရာမြို့နယ်ရှိ စာစစ်ဌာန (၉) ၌ ကျောင်းသား၊ ကျောင်းသူ (၃၇၂၉) ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)