တန့်ယန်း မတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် (COVID-19)အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလှူငွေပေးအပ်ပွဲတွင် တန့်ယန်းမြို့နယ် ဝုန်းမေတ္တာ လူမှုကူညီရေးအသင်းမှ ဒုတိယအကြိမ် အလှူငွေ ကျပ်(၁၅)သိန်းကို ပေးအပ်လှူဒါန်းရာ (COVID-19) အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကြိုတင်ကာကွယ်နိုင် ရေးအတွက် ရန်ပုံငွေလက်ခံရေးကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ဇော်ဦးတို့က လက်ခံရယူခဲ့ကြကြောင်း နှင့် ပထမအကြိမ်ကလည်း အလှူငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပြီးဖြစ်သည်။
ယင်းအပြင် ဦးစိုင်းတားမိသားစု (ကောင်းထက် မင်္ဂလာခန်းမ)က အလှူငွေကျပ်(၂၀)သိန်းနှင့် "ဝ" စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ကလည်း အလှူငွေကျပ်(၁၀)သိန်းတို့ကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)