တနင်္သာရီ၌ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်မိသားစုဝင် (၄၄) ဦးအား ဆန်ဖိုးငွေထောက်ပံ့

တနင်္သာရီ ဩဂုတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (ကိုယ်စား) အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်ဆန်း၊ ချောင်းကြီးရပ်ကွက်နှင့်ချောင်းငယ်ရပ်ကွက်အုပ်ချုပ်များသည် ယမန်နေ့ ညနေပိုင်းက ယာယီရေဘေးကယ်ဆယ်ရေးစခန်းနှစ်နေရာသို့ ယာယီရွှေ့ပြောင်းရောက်ရှိနေသော ရေဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင်များအား ဆန်ဖိုး ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။

ယခုနှစ်တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်အရ ဩဂုတ်လ ၆ ရက်နေ့ ညနေ () နာရီတွင် စိုးရိမ်ရေအမှတ် (၁၇) ပေသို့ ရေတက်လာသဖြင့် အနိမ့်ပိုင်းနေရာများမှ အိမ်ထောင်စုတစ်ချို့သည် ချောင်းကြီးရပ်ကွက် ဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု () စု၊ ချောင်းငယ်ရပ်ကွက်ရိပ်သာကျောင်း ကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု (၇) စု၊ စုစုပေါင်းအိမ်ထောင်စု (၁) စုတို့မှ မိသားစုဝင် (၄၄) ဦး၊ ယာယီပြောင်းရွှေ့လာသဖြင့် တစ်ဦးလျှင် (၇) ရက်စာ ဆန်ဖိုးထောက်ပံ့ငွေ (၂၁၀၀) ကျပ်နှုန်းဖြင့် ဆန်ဖိုးထောက်ပံ့ငွေပေါင်း (၉၂၄၀၀) ကျပ်အား ရေဘေးသင့်မိသားစုဝင်များထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)