ပြည် ဩဂုတ် ၁၀
ပြည်မြို့နယ် နဖားအင်းကျေးရွာတွင် နိုင်ငံတော်အစိုးရမှ ဖော်ဆောင်လျက်ရှိသော အမျိုးသားလျှပ်စစ် စီမံကိန်း(NEP) (ကျေးလက် မီးလင်းရေး စီမံကိန်း) အစီစဉ်ဖြင့် ယမန်နေ့က စတင်၍ လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ဖြင့် အဆိုပါကျေးရွာတွင် (၅၀)KVA ထရမ်ဖော်မာ(၁)လုံးတပ်ဆင်ခဲ့ပြီး ၁၁ KV လိုင်းသွယ် တန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျေးရွာနေ လူထုမှ နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် မီတာတန်ဖိုးနှင့် ၄၀၀ KV လိုင်းကြိုး သွယ်တန်းမှု အတွက်သာ ကျခံရကြောင်း သိရပြီး အဆိုပါ ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းခဲ့ပြီး အခမ်းအနားသို့ ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှ တာဝန်ရှိသူများ တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့နယ်တွင် အမျိုးသားလျှပ်စစ်စီမံကိန်း (NEP)အတွက် ကျေးရွာပေါင်း(၇)ရွာအတွက် မီးလင်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုနဖားအင်းကျေးရွာအပါအဝင် ကျေးရွာပေါင်း(၄)ရွာ မီးလင်းပြီဖြစ်ကြောင်း သိရှိရသည်။
မင်းမင်းစိုး (ပြန်/ဆက်)