သာယာဝတီ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနComunity Centre ခန်းမတွင် ဇွန်လ ၄ ရက် နံနက်က် ၁၀နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူး နန်းအေးခိုင်က သတင်း ဆိုင်ရာ ကိစ္စရပ်များ အထူးအလေးထားးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မြို့နယ် ရုံးများလုံခြုံရေး၊ ရုံးများတွင် ဝန်ထမ်းများ၏ လုံခြုံရေး၊ ဌာန များ၏ လုပ်ငန်းများ လျာထားချက် အတိုင်း အချိန်မှီပြီးစီးနိုင်ရေး အထူးဂရုပြုရန် လိုကြောင်း၊ ဝန်ထမ်းများ စည်းလုံး ညီညွတ်စွာဖြင့် လုပ်ငန်းများ အဆင်ပြေ ချောမွေ့အောင်ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့် အညီ ဂရုစိုက် နေထိုင်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး တက်ရောက် လာကြသော ဝန်ထမ်း များက တစ်ဦးချင်းအလိုက် ပြန်လည်တင်ပြကြရာ ခရိုင် ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိင်း ဆွေးနွေးခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သာယာဝတီခရိုင်အတွင်းရှိ (၈)မြို့နယ်မှ မြို့နယ်ဦးစီးမှူးများ၊ဓါတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများ၊ ရုပ်သံ ကျွမ်းကျင်-၃ ဝန်ထမ်းများ တက်ရောက်ကြ ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)