မြို့သစ်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဧကများအတွက်ထောက်ပံ့ငွေပေးအပ်

 


မြို့သစ် ဇွန် ၄

 


မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊သဘာဝဘေးအန္တရာယ်ကြောင့်သီးနှံ ပျက်စီးဧကများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဝင်းထက်မှ အဖွင့်အမှာစကား ပြောကြားပြီး   စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးဇော်လင်းမှ ၂၀၂၀ ပြည့်နှစ် ၊  ထိခိုက်ပျက်စီး ခဲ့သည့်  သီးနှံဧကများအတွက်   ထောက်ပံ့ငွေပေးအပ်မှုအခြေအနေများကို  ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ဆူးတပ်ကြီး ၊  ဒန့်ဒလွန်ပင် ၊ ကံဆွယ် ၊ ဂွေးကုန် ၊  မြတ်လေးကုန်းကျေးရွာအုပ်စု များမှတောင်သူ(၁၀၀)ဦးကို မိုးနှမ်း(၁၈၈)ဧက၊ စပါး(၂)ဧက အတွက်  စပါး(၁)ဧကလျှင် တစ်သောင်း နှုန်း ၊  နှမ်း(၁)ဧကလျှင် ငါးထောင်နှုန်းဖြင့် ဧက (၁၉၀) အတွက် စုစုပေါင်း ထောက်ပံ့ငွေ(၉)သိန်း(၆) သောင်းကျပ် ပေးအပ်ခဲ့သည်။


အဆိုပါ အခမ်းအနားသို့မြို့နယ်အုပ်ချုပ်ရေးမှုး ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ ဝန်ထမ်းများ ၊ ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများနှင့်  စိုက်ခင်းပျက်စီးဆုံးရှုံးသူ တောင်သူများ      တက်ရောက်ကြ ကြောင်း သိရသည်။


သန်းဝင်းထွန်း (ပြန်/ဆက်)