စစ်တွေ ဇွန် ၄
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၁ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက် များနှင့်အညီ ယနေ့နံနက်ပိုင်းက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်းသိရသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးနှင့် တောင်သူလယ် သမားများ၏ စိုက်ပျိုး ထုတ်လုပ်မှု အထောက်အကူဖြစ်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ထုတ်ချေးရာတွင် ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ရွာသစ်ကေ ကျေးရွာအုပ်စုမှ တောင်သူ ၄၃ ဦးအား လယ်ဧက ၂၁၉ ဧကအတွက် ငွေကျပ် ၃၂၈၅၀၀၀၀ ကိုထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
စစ်တွေခရိုင်ဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ်မိုးရာသီးစိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်၂၀၂၀ မိုးချေးငွေပြေကျေစွာ ပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေးပေးလျက်ရှိြပီး ချေးငွေ ထုတ်ချေးပေးနေစဉ်ကာလအတွင်း လာရောက် ပေးဆပ်သူတောင်သူဦးကြီးများကိုလည်း ချေးငွေ ပေးဆပ်မှုကိုလက်ခံ၍ ဆက်လက်ထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စစ်တွေခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးရဲထွန်းထံမှ သိရသည်။
တင်ထွန်း(ပြန်/ဆက်)