အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြား လျက်ရှိ

 

ရန်ကုန်  ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်၌ ကျောင်းနေအရွယ် ကလေး များ အားလုံး ပညာသင်ယူခွင့် ရရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ အားလုံးကို ဇွန်လ()ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် အေးချမ်းစွာ လာရောက်၍ ပညာ သင်ကြား လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စီစဉ် ဆောင်ရွက် ထားရှိပြီး ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းအဝင်နှင့် စာသင် ခန်းအဝင် တို့တွင် လက်ဆေးဘေစင်များ ထားရှိခြင်းနှင့် နှာခေါင်းစည်းတပ်ဆင်ခြင်းစသည့် ပညာသင်ယူ စေခြင်းတို့ကို သက်ဆိုင်ရာ ကျောင်း အုပ်ကြီး များနှင့် ဆရာ၊ဆရာမများက စီစဉ်ထားရှိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်း၌ အထက်တန်းကျောင်း()ကျောင်း၊ အလယ်တန်းကျောင်း(၁၂) ကျောင်း၊ မူလတန်း ကျောင်း(၃၀)ကျောင်းနှင့် ဘုန်းတော် ကြီး ပညာသင်ကျောင်း()ကျောင်း စုစုပေါင်း (၅၃)ကျောင်းတို့တွင် ကျောင်း အသီးသီးရှိ တာဝန်ကျ ကျောင်းအုပ်ကြီးများ နှင့် ဆရာ၊ ဆရာမ များက ကျောင်းသား၊ကျောင်းသူများကို ပညာ သင်ကြားပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ပညာသင်ကြား နိုင်ရေး အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ မြို့နယ် အခြေခံပညာဦးစီးဌာနနှင့်တာဝန်ရှိသူများက ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်း ကျင် လုံခြုံ တို့ကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)