ကျိုက်ဒုံ ဇွန် ၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ တိဿာရာမစာသင်တိုက်၊ တောင်ပေါ်ကျောင်း ပရဝုဏ်အတွင်းရှိ ရန်ပြေစေတီ၊ မာန်ပြေစေတီတော်နှစ်ဆူ အောက်ခြေမြေထိန်းနံရံ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စေတီတော်နှစ်ဆူ ပြုပြင်ဆောင်ရွက်ရာတွင် ဒေသနေအလှူရှင်များ၊ ဌာနဆိုင်ရာများက စုပေါင်း၍ အများကောင်းမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၊ ဌာနဆိုင်ရာများမှ လုပ်အားဒါနများဖြင့် ပါဝင်ဆောင်ရွက်ပြီး အလှူရှင်၊ စေတနာရှင်များက စတုဒီသာများ လာရောက်ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ဒုံ(ပြန်/ဆက်)