သာစည် ဇွန် ၅
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက် ကုန်ထုတ်လမ်းများ ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများကို Modern Treasure Co;Ltd မှ တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ပြီး အင်းကနက်ကျေးရွာ တောင်မြောက် ကျေးလက်ကုန်ထုတ်လမ်း (၀/၂.၂)မိုင်၊ မဲတောကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း (၁/၀)မိုင် ဆောင်ရွက်နေမှုများနှင့် အဆိုပါ ကုန်ထုတ်လမ်းများပေါ်ရှိ Slab Culvert များ တည်ဆောက် ထားရှိမှုများကို မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်မြင့်ဝင်း၊ သာစည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ ခရိုင်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်နေမှုများ နှင့်ပတ်သက်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)