ကော့မှူး ဇွန် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ အသိပညာပေး မြှင့်တင်ရေးနှင့် နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုကို ယနေ့နံနက် ၈ နာရီက လူစည်းကားရာ နေရာများတွင် ဆောင်ရွက်နေကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကူးစက်ကာကွယ်ရေးနှင့် အရေးပေါ်တုံပြန့်ရေး ကော်မတီဝင်များ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့လယ်ဗိုလ်ချုပ် လမ်းမကြီးပေါ်တွင် သွားလာကြသော စက်ဘီးများ၊ ဆိုင်ကယ်များ၊ အနှေးယာဉ်များ၊ မော်တော်ယာဉ်များပေါ်တွင် သွားလာကြသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန် နှာခေါင်းစည်း Mask မတင်ဆင်သူများ အားနှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးပြီး ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးဝယ် ဈေးရောင်ချသူများအား နှာခေါင်းစည်း Mask တပ်ဆင်ကြရန် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ ဆေးကြောရန် တစ်ဦးနှင့်တစ်ဦးခပ် ခွာခွာနေ၍ အရောင်းအဝယ် ပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ