ရွှေပြည်သာ ဇွန် ၅
ပြည်သူများ စာဖတ်သည့် အလေ့အကျင့်များရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စဉ်းစားဆင်ခြင်နိုင်သည့် အတွေးအခေါ်များ ရှိလာစေရန် ရည်ရွယ်၍ ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီချိန်က ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ Book Club, Woman Club အဖွဲ့ဝင်များက စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသော “အလုပ်ဆိုတာအင်အားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးမောင်မြင့်က စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ” စာအုပ်ထဲတွင် အလုပ်တွင်ကျယ်စေချင်ရင် လူရောစိတ်ပါ ကျန်းမာဖို့လိုအပ်ကြောင်း လူငယ်တွေဟာ Facebook ပေါ်က စာတွေဖတ်တာကို စာဖတ်လာကြတယ်ဆိုပြီး အထင်နဲ့ ထင်တတ်နေကြောင်း၊ အချိန်တွေဖြုန်းနေမဲ့အစား အလုပ်တွေလုပ်ရမှာဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်ဖို့ အတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတဖို့လိုကြောင်း၊ ကောင်းမြတ်သော အလုပ်ကို စေတနာကောင်းနဲ့ လုပ်ပေးခြင်းအားဖြင့် ကျန်းမာသည့် လူတစ်ဦးဖြစ်လာနိုင်ကြောင်းနှင့် ပန်းတိုင်မပျောက်ဘဲ အင်အားတိုးကာ ကြိုးစား ကျိုးနပ်ချင်ပါက ရိုးရိုးသားသား ကြိုးစားအားထုတ်ပါက ပန်းတိုင် ရောက်မည်မှာ မလွဲဖြစ်ကြောင်းတို့ကို အလုပ်နှင့်ပတ်သက်၍ စေ့စပ်သေချာစွာ ဖော်ပြထားသဖြင့် ဖတ်ရှုစေချင်ကြောင်း တိုက်တွန်းဆွေးနွေးပြီး တက်ရောက်လာကြသူများက ဆရာမ၏ “အလုပ်ဆိုတာ အင်အားပါ”စာအုပ်တွင် ပါဝင်သော အကြောင်းအရာများကို အချင်းချင်းအ ပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)