မြိုင်မြို့တွင် စာချစ်သူများ၏ (၅၂)ကြိမ်မြောက် စာဖတ်ဝိုင်းပြုလုပ်

မြိုင် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် စာချစ်သူများ၏ (၅၂)ကြိမ်မြောက် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်သည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြိုင်မြို့နယ်မှ စာပေချစ်သူများ တက်ရောက်ခဲ့ကြပြီး ဆရာချစ်ဦးညို၏ “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု မျက်နှာစာ” စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးကြရာတွင် ဦးတင်ရန်က ယဉ်ကျေးမှု တိုးတက်ခြင်းနှင့် ဆုတ်ယုတ်ခြင်း အကြောင်းနှင့် ပြည်သူလူထု၏ အသိဉာဏ်ပညာ တိုးတက်မှုအခြေအနေများ၊ ဦးစောရွှေက ကိုယ်ကျင့်တရားသည် ဆင်းရဲသူတို့အတွက် အရင်းအနှီး ဟူသော အဓိပ္ပါယ်၊ ဦးတင့်ဝေက လူသားအစမှ တစ်ဆင့်ချင်း တိုးတက်လာသူများအကြောင်း၊ ဦးရွှေလေးက ယဉ်ကျေးမှု တိုးတက်ခြင်းသည် ပေါင်းစည်းခြင်း လက္ခဏာဖြစ်ကြောင်း၊ မပေါင်းစည်းနိုင်ပါက ဆုတ်ယုတ် သွားနိုင်ကြောင်း၊ ထို့ကြောင့် ယဉ်ကျေးမှု တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းသည် အသိဉာဏ်ပညာ၊ အတွေးအခေါ်နှင့် သက်ဆိုင်ကြောင်း တိုကို ဆွေးနွေးခဲ့ကြပြီး စာချစ်သူများ၏ (၅၃)ကြိမ်မြောက် စာဖတ်ဝိုင်းအား ဇွန်လ ၂၆ ရက်နေ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သူရ(ပုံတောင်)