ရွှေသောင်ယံ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် မြို့သူမြို့သားများနှင့်ပြင်ပ အလှူရှင်များစု ပေါင်း တည်ဆောက်သော မီးသင်္ဂြိုလ်စက် အလှူနှင့်မီးသင်္ဂြိုလ်စက်၊ ဇရပ်စသည်ဖြင့် လိုအပ်သည်များ ဆောက်လုပ်နိုင်ရန် အတွက် တစ်ဦးတည်း မြေအလှူရှင် တို့အား ရေစက်ချ ပရိတ်နာ အခမ်းအနား ကို ယနေ့နံနက် (၈)နာရီတွင် အဆိုပါ မီးသင်္ဂြိုလ် စက်တည်ဆောက်ရာ တောင်ကုန်းပေါ်ရှိ ဇရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရွှေသောင်ယံမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာတို့မှ ဆရာတော်၊ သံဃာတော် (၁၀)ပါးအား ပင့်ဆောင်၍ ဆရာတော်များမှ ရေစက်ချကာ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ဩဝါဒ ပြောကြားခြင်း၊ လူပရိသတ်တို့မှ တရားတော်များ နာကြားပြီး လှူဖွယ်ဝတ္ထုငွေနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ရွှေသောင်ယံမြို့ မီးသင်္ဂြိုလ်စက် ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ တရားနာ ပရိသတ်များ စည်ကား သိုက်မြိုက်စွာ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ